(၈၁)နှစ်မြောက် တပ်မတော်နေ့ ဂုဏ်ပြုဧည့်ခံပွဲအခမ်းအနားကို မြန်မာသံရုံးနှင့် မြန်မာစစ်သံ (ကြည်း၊ရေ၊လေ)ရုံး၊ နယူးဒေလီမှ ကြီးမှူးကျင်းပ

(၂၇-၃-၂၀၂၆ ရက်၊ နယူးဒေလီ)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၈၁)နှစ်မြောက် တပ်မတော်နေ့ ဂုဏ်ပြုဧည့်ခံပွဲ အခမ်းအနားကို မြန်မာသံရုံးနှင့် မြန်မာစစ်သံ(ကြည်း၊ ရေ၊ လေ)ရုံး၊ နယူးဒေလီမှ ကြီးမှူး၍ ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက်တွင် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ရှိ မြန်မာသံရုံး၌ ကျင်းပခဲ့ပါသည်။

အခမ်းအနားအစီအစဉ်အရ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ၏ နိုင်ငံတော်သီချင်းများ ဖွင့်လှစ် အလေးပြုကြပြီး အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဦးက တက်ရောက်လာကြသည့် ဧည့်သည်တော်များအား ကြိုဆိုနှုတ်ခွန်းဆက်အမှာစကား ပြောကြားခဲ့ပါသည်။

ဆက်လက်၍ အထူးဧည့်သည်တော် Lt-General  Manish Luthra, AVSM (Director General of Military Operation) က တပ်မတော်နေ့ အထိမ်းအမှတ် ဂုဏ်ပြုအမှာစကား ပြောကြားခဲ့ပါသည်။

အခမ်းအနားသို့ နယူးဒေလီမြို့ အခြေစိုက် သံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများနှင့် သံတမန်များ၊ အိန္ဒိယတပ်မတော်မှ အရာရှိကြီးများ၊ နယူးဒေလီမြို့ အခြေစိုက် စစ်သံရုံးများမှ စစ်သံမှူးများ၊ မြန်မာအသိုက်အဝန်းမိသားစုများ၊ မြန်မာသံရုံး၊ နယူးဒေလီမြို့နှင့် မြန်မာစစ်သံ(ကြည်း၊ရေ၊ လေ)ရုံး မိသားစုများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ ပါဝင်တက်ရောက်ခဲ့ကြပါသည်။