(၃၁-၃-၂၀၂၃ ရက်၊ နယူးဒေလီ)
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၈) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် ဧည့်ခံပွဲ အခမ်းအနားကို မြန်မာသံရုံး၊ နယူးဒေလီမြို့ရှိ မြန်မာဂေဟာ၌ ၂၀၂၃ ခုနှစ်၊ မတ်လ ၂၇ ရက်၊ ညနေပိုင်းတွင် ကျင်းပခဲ့ပါသည်။
အဆိုပါ အခမ်းအနားသို့ အိန္ဒိယတပ်မတော်၊ ဒုတိယကြည်းတပ်ဦးစီးချုပ်(မဟာဗျူဟာ) ဖြစ်သူ Lieutenant General Tarun Kumar Aich, AVSM နှင့် ဇနီးမှ အဓိကဧည့်သည့်တော် (Chief Guest) အဖြစ် ပါဝင်တက်ရောက်ခဲ့ပြီး၊ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) စစ်သံမှူး ဗိုလ်မှူးချုပ် ရဲထွဋ်နှင့် ဇနီး၊ မြန်မာသံရုံး၊ ကောင်စစ်ဝန်ချုပ်ရုံး၊ စစ်သံရုံးမှ ဝန်ထမ်းများနှင့် မိသားစုဝင်များ၊ အိန္ဒိယ တပ်မတော် (ကြည်း၊ ရေ၊ လေ) ဌာနချုပ်များနှင့် အိန္ဒိယ ပြည်ပရေးရာဝန်ကြီးဌာနမှ အရာရှိကြီးများနှင့် ဇနီးများ၊ အိန္ဒိယနိုင်ငံ အခြေစိုက် နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများနှင့် ဇနီးများ၊ စစ်သံရုံးများမှ စစ်သံမှူး/ လက်ထောက် စစ်သံမှူးများနှင့် ဇနီးများ၊ အိန္ဒိယသမုဒ္ဒရာ ဒေသတွင်း သတင်းအချက်အလက်ပေါင်းစပ်ရေး စင်တာ (Information Fusion Centre-Indian Ocean Region) (IFC-IOR) ၌ အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေးအရာရှိ (International Liaison Officer- ILO) အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသော နိုင်ငံတကာမှ အရာရှိများ၊ မဏိပူရ် ပြည်နယ်ဝန်ကြီး၊ အာရှ-အာဖရိက ဥပဒေအတိုင်ပင်ခံအဖွဲ့ အတွင်းရေးမှူးချုပ်၊ အိန္ဒိယ စီးပွားရေးနှင့် ကုန်သွယ်ရေးအဖွဲ့ (IETO)၊ အိန္ဒိယ-အာဆီယံ ကုန်သွယ်ရေးကောင်စီ အပါအဝင် စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု အဖွဲ့အစည်းများ၊ နယူးဒေလီမြို့တွင် သင်တန်းတက်ရောက် လျက်ရှိသော မြန်မာ့တပ်မတော်မှ သင်တန်းသား/ သင်တန်းသူများ၊ မြန်မာ-အိန္ဒိယ အသိုက်အဝန်းမှ ဧည့်သည်တော်များ ပါဝင်တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်နှင့် အဓိက ဧည့်သည့်တော် Lieutenant General Tarun Kumar Aich, AVSM တို့မှ မိန့်ခွန်း ပြောကြားခဲ့ ပြီးနောက် ဧည့်ခံပွဲသို့ တက်ရောက်လာသည့် သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများ၊ စစ်သံမှူးများနှင့်အတူ အမှတ်တရ ဓာတ်ပုံများ ရိုက်ကူးခဲ့ကာ ဧည့်သည်တော်များအား ညစာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရှိရပါသည်။








