(၇၄)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံသို့ တက်ရောက်လျက်ရှိသည့် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အဆင့်မြင့်နိုင်ငံရေးဖိုရမ်သို့တက်ရောက်

(၂၇၂၀၁၉ ရက်၊ နယူးယောက်မြို့)

(၇၄)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံသို့ တက်ရောက်ရန် နယူးယောက်မြို့၌ ရောက်ရှိနေသည့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် စက်တင်ဘာလ ၂၄ ရက်မှ ၂၅ ရက်အထိ နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်၌ ကျင်းပခဲ့သည့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အဆင့်မြင့် နိုင်ငံရေး ဖိုရမ် (High-level Political Forum on Sustainable Development) သို့ တက်ရောက်ခဲ့သည်။

ဆွေးနွေးပွဲတွင် အဆိုပါအဆင့်မြင့်ဖိုရမ်၏ နိုင်ငံရေးကြေညာစာတမ်းကို အတည်ပြုခဲ့ပြီးနောက် ဖိုရမ်၏ မျက်နှာစုံညီ အစည်းအဝေးနှင့် Leaders Dialogue ()ခုတွင် နိုင်ငံအကြီးအကဲများနှင့် အစိုးရအဖွဲ့ အကြီးအကဲများက စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ၂၀၃၀ အာဂျင်ဒါကို ရှေ့ဆက် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ကြုံတွေ့ရမည့် စိန်ခေါ်မှုများ၊ ထင်မြင်ယူဆချက်များနှင့် အမြင်များကိုမျှဝေခဲ့ကြသည်။

ထို့အပြင် ၂၀၃၀ အာဂျင်ဒါကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နိုင်ရန်အတွက် မိတ်ဖက် ပူးပေါင်းဆောင်ရွက်မှုကို တည်ဆောက်ရန်၊ ရာသီဥတု ပြောင်းလဲမှုဒဏ်ကို လျော့ပါး သက်သာစေပြီး၊ လိုက်လျောညီထွေဖြစ်စေမည့် ဦးစားပေးလုပ်ငန်းများကို အရေးတကြီးဆောင်ရွက်ရန်၊ အစိုးရပုဂ္ဂလိက ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်၊ ဆင်းရဲမှု၊ ဆာလောင်မှု ပပျောက်ရန်၊ မညီမျှမှုကို တိုက်ဖျက်ရန်၊ ငြိမ်းချမ်းပြီး၊ တရားမျှတကာ အားလုံးပါဝင်သည့် လူမှုအသိုက်အဝန်းကို တည်ဆောက်သွားရန် ကတိကဝတ်များ ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။