(၂၂-၉-၂၀၂၅ ရက်၊ နယူးဒေလီ)
အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဦးသည် အိန္ဒိယနိုင်ငံဆိုင်ရာ မလေးရှား သံအမတ်ကြီး H.E. Dato’ Muzafar Shah Mustafaဖိတ်ကြားချက်အရ ၂၂-၉-၂၀၂၅ ရက်နေ့၊ ၁၉၀၀ နာရီတွင်၊ နယူးဒေလီမြို့ ITC Maurya Hotel ၌ ကျင်းပသော (၆၈)ကြိမ်မြောက် မလေး ရှားနိုင်ငံ အမျိုးသားနေ့အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။
အဆိုပါ အခမ်းအနားသို့ နယူးဒေလီမြို့အခြေစိုက် အာဆီယံနိုင်ငံများမှ သံအမတ်ကြီးများ နှင့် နိုင်ငံတကာသံရုံးများမှ သံရုံးအကြီးအကဲများနှင့် သံတမန်များနှင့် ဖိတ်ကြားထားသူများပါဝင် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

