(၆၇) ကြိမ်မြောက် အာဆီယံ-ဒါကာကော်မတီ၏ သံရုံးအကြီးအကဲများ အစည်းအဝေးသို့ မြန်မာသံအမတ်ကြီး တက်ရောက်

( ၅-၂-၂၀၂၆ ရက်၊ ဒါကာ )

ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စိုးမိုးသည် ၅-၂-၂၀၂၆ ရက်၊ နံနက် ၁၁:၀၀ နာရီမှ ၁၃:၃၀နာရီအထိ ဒါကာမြို့၊ အင်ဒိုနီးရှားသံရုံး၌ ကျင်းပခဲ့သည့် (၆၇) ကြိမ်မြောက် အာဆီယံ-ဒါကာကော်မတီ၏ သံရုံးအကြီးအကဲများ အစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးတွင် အလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှား သံအမတ်ကြီး H.E. Ms. Listyowati က အာဆီယံ-ဒါကာကော်မတီ၏ ဆောင်ရွက်ပြီးသည့် အစီအစဉ်များကို ပြန်လည်သုံးသပ်ခြင်းနှင့် အနာဂတ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် အစီအစဉ်များကို ဆွေးနွေးခြင်း၊ အာဆီယံ-ဒါကာကော်မတီ၏ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များဖြစ်သည့် ASEAN Food Festival နှင့် ASEAN Family Day ကျင်းပရေးကိစ္စအပြင် သက်ဆိုင်ရာ အာဆီယံနိုင်ငံများနှင့် အိမ်ရှင် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား ဆက်ဆံရေး တိုးမြှင့်ဆောင်ရွက်နေမှု အခြေအနေများ၊ ဒေသတွင်းနှင့် နိုင်ငံတွင်းဖြစ်ပေါ်တိုးတက်မှု အခြေအနေများအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။