အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) တည်ထောင်ခြင်း (၅၉) နှစ်မြောက် အထိမ်းအမှတ် အလံတင်အခမ်းအနားကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်၊ ၀၇:၃၀ နာရီတွင် ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ခဲ့ရာ ဗီယက်နမ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဝေလင်း တက်ရောက်ခဲ့ပါသည်။
အခမ်းအနားတွင် ပထမဦးစွာ အာဆီယံသီချင်းဖွင့်လှစ်၍ အာဆီယံအလံကိုလွင့်ထူကာ အခမ်းအနားဖွင့်လှစ်ခဲ့ပြီးနောက် ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ လေဟွိုင်ချုံး က (၅၉) နှစ်တာကာလအတွင်း အာဆီယံ၏အောင်မြင်မှုသမိုင်းကြောင်း၊ ဗီယက်နမ်နိုင်ငံက အာဆီယံသို့ဝင်ရောက်ခဲ့သည့် (၃၁) နှစ်တာကာလအတွင်း ဖြစ်ပေါ်တိုးတက်မှုများနှင့်စပ်လျဉ်း၍ မိန့်ခွန်းပြောကြားခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် မိတ်ဖက်နိုင်ငံများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများ၊ ဗီယက်နမ်အခြေစိုက် သံတမန်များနှင့် ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ဟနွိုင်းမြို့ပြည်သူ့ကော်မတီတို့မှ အဆင့်မြင့်အရာရှိကြီးများလည်း တက်ရောက်ခဲ့ပါသည်။



