(၈-၈-၂၀၂၅ ရက်၊ ဗန်ကောက်)
ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနမှ (၅၈) နှစ်မြောက် အာဆီယံနေ့အထိမ်းအမှတ်အခါသမယအဖြစ် ၈-၈-၂၀၂၅ ရက်တွင် ဗန်ကောက်မြို့ရှိ Lumpini ပန်းခြံ၌ “ASEAN Family Run” ၂.၅ ကီလိုမီတာ ပြေးပွဲနှင့် အလံလွှင့်တင်ခြင်းအခမ်းအနားကို ဉီးစီးကျင်းပခဲ့ရာ ဗန်ကောက်မြို့ရှိ အာဆီယံသံရုံး များနှင့် အာဆီယံဆွေးနွေးဖက်နိုင်ငံများ၏ သံရုံးများမှ သံအမတ်ကြီးများ၊ သံတမန်များနှင့်အတူ မြန်မာသံအမတ်ကြီး ဉီးဇော်ဇော်စိုးနှင့် သံရုံးအရာထမ်းများ ပါဝင်ဆင်နွှဲခဲ့ပါသည်။ အာဆီယံနေ့ အထိမ်းအမှတ်အခါသမယတွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီး H.E. Mr. Maris Sangiampongsa နှင့် ဗန်ကောက်မြို့တော်ဝန် H.E. Mr. Chadchart Sittipunt တို့မှ အဖွင့်အမှာစကား ပြောကြားခြင်း၊ အလံလွှင့်တင်ခြင်း၊ သံအမတ်ကြီးများမှ အမှတ်တရဓါတ်ပုံများရိုက်ကူးခြင်းနှင့် ၂.၅ ကီလိုမီတာ ပြေးပွဲကို ကျင်းပခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

