(၅၈) ကြိမ်မြောက် အာဆီယံနေ့အခမ်းအနားကျင်းပ (၈−၈−၂၀၂၅ ရက်)

(၈−၈−၂၀၂၅ ရက်၊ ကွာလာလမ်ပူ)

(၅၈) ကြိမ်မြောက် အာဆီယံနေ့အခမ်းအနားကို ၈-၈-၂၀၂၅ ရက်၊ နံနက် ၁၀:၃၀ နာရီတွင် Cyberjaya မြို့၊ Cyber Event Hall ၌ စည်းကားသိုက်မြိုက်စွာ ကျင်းပခဲ့ပြီး ကွာလာလမ်ပူမြို့အခြေစိုက် အာဆီယံ သံရုံးများနှင့် နိုင်ငံခြားသံရုံးများမှ သံရုံးအကြီးအကဲများ၊ သံတမန်များ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါ အခမ်းအနားသို့ မလေးရှား ဝန်ကြီးချုပ် Dato’ Seri Anwar Ibrahim ကိုယ်တိုင် အဖွင့်မိန့်ခွန်း ပြောကြား ခဲ့သကဲ့သို့ နိုင်ငံခြားရေးဝန်ကြီး Dato’ Seri Utama Haji Mohamad Hasan လည်း တက်ရောက်မိန့်ခွန်း ပြောကြားခဲ့ပါသည်။ အခမ်းအနားပြီးသည့်နောက် မလေးရှားဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးတို့က အာဆီယံနိုင်ငံများအလိုက် ဖွင့်လှစ်ထားသော Country Booth များသို့ လိုက်လံကြည့်ရှု၍ နှုတ်ဆက်အားပေးစကား ပြောကြားခဲ့ပါသည်။