(၅၈)နှစ်မြောက် အာဆီယံနေ့အခမ်းအနားသို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးတက်ရောက် (၇-၈-၂၀၂၅ ရက်)

(၇-၈-၂၀၂၅ ၊ ဒါကာ)

(၅၈)နှစ်မြောက် အာဆီယံနှစ်ပတ်လည်နေ့ အခမ်းအနားကို ၂၀၂၅ခုနှစ်၊ ဩဂုတ်လ ၇ ရက်နေ့ နံနက် (၁၀:၃၀)တွင် ဒါကာမြို့ရှိ ထိုင်းသံရုံး၌ ကျင်းပပြုလုပ်ခဲ့ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စိုးမိုး တက်ရောက်ခဲ့ပါသည်။ အဆိုပါအခမ်းအနား၌ အာဆီယံအလံ လွှင့်တင်ခြင်းအစီအစဉ်ဖြင့်စတင်ခဲ့ပါသည်။ အခမ်းအနား သို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကြားဖြတ်အစိုးရ၏ ယဉ်ကျေးမှုဝန်ကြီးဌာန၊ အကြံပေးပုဂ္ဂိုလ် (ဝန်ကြီး) H.E. Mr. Mustafa Sarwar Farooki က အထူးဧည့်သည့်တော်အဖြစ် တက်ရောက်ချီးမြှင့်ခဲ့ ပါသည်။ အခမ်းအနားအစီအစဉ်များအဖြစ် အာဆီယံ-ဒါကာကော်မတီ (ADC) အလှည့်ကျဥက္က တာဝန်ယူထားသည့် ဘရူနိုင်းသံအမတ်ကြီး၊ ၂၀၂၅ခုနှစ်၊ အာဆီယံအလှည့်ကျဥက္က တာဝန်ယူ ထားသော မလေးရှားသံအမတ်ကြီးနှင့် အထူးဧည့်သည်တော်တို့က အသီးသီးမိန့်ခွန်းပြောကြား ခြင်း၊ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခြင်းများ ပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ၊ ဒါကာမြို့ အခြေစိုက်သံရုံးများမှ သံအမတ်ကြီးများ/ သံရုံးယာယီတာဝန်ခံများ၊ အပြည်ပြည် ဆိုင်ရာ အဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ဖိတ်ကြားထားသည့် အခြားဧည့်သည်တော် များ စုစုပေါင်း(၁၅၀)ခန့် တက်ရောက်ခဲ့ကြောင်း၊ တက်ရောက်လာသည့် ဧည့်သည်တော်များအား အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ရိုးရာစားသောက်ဖွယ်ရာများဖြင့် ဧည့်ခံခဲ့ကြကြောင်း သိရှိရပါသည်။