(၅၈)နှစ်မြောက် အာဆီယံတည်ထောင်သည့်အထိမ်းအမှတ် သံတမန်ဧည့်ခံပွဲသို့ မြန်မာသံရုံးယာယီတာဝန်ခံ တက်ရောက် (၁၁-၈-၂၀၂၅ ရက်)

(၁၁-၈-၂၀၂၅၊ မနီလာမြို့)

(၅၈) နှစ်မြောက် အာဆီယံအဖွဲ့အစည်း တည်ထောင်သည့် အထိမ်းအမှတ်ဧည့်ခံပွဲကို ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ကြီးမှူး၍ ၁၁-၈-၂၀၂၅ ရက်နေ့၊ ညနေ ၁၈:၀၀ နာရီတွင် မနီလာမြို့ရှိ Makati Diamond Residences Hotel ၌ ကျင်းပခဲ့ရာ ဖိလစ်ပိုင်နိုင်ငံ ခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိကြီးများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် အာဆီယံ ဆွေးနွေးဖက်နိုင်ငံများမှ သံရုံးအကြီးအကဲများ၊ သံရုံးယာယီတာဝန်ခံများ၊ ကိုယ်စားလှယ်များနှင့် အတူ မြန်မာသံရုံး ယာယီတာဝန်ခံ ဦးစိုးကိုကိုမှ ပါဝင်တက်ရောက်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး H.E. Ma. Theresa p. Lazaro က Keynote Speech မိန့်ခွန်းပြောကြားခဲ့ပြီး၊ ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ မလေးရှားနိုင်ငံ သံအမတ်ကြီး H.E. Dato’ Abdul Malik Melvin Castelino Anthony က အာဆီယံနေ့မိန့်ခွန်း ကို အသီးသီး ပြောကြားခဲ့ကြပါသည်။ ထို့အပြင် ၂၀၂၅ ခုနှစ်အတွက် အာဆီယံဆောင်ပုဒ်ဖြစ်သည့် “အားလုံးပါဝင်မှုနှင့် ရေရှည် တည်တံ့ခိုင်မြဲရေး” ဆောင်ပုဒ်နှင့်အညီ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာန၊ မြန်မာသံရုံးနှင့် အာဆီယံသံရုံးများမှ ယဉ်ကျေးမှုဆိုင်ရာပစ္စည်းများကိုလည်း ပြသခဲ့ကြကြောင်း သိရှိရပါသည်။