(၂၁-၂-၂၀၂၃ ရက်၊ တိုကျို)
တိုကျိုမြို့အခြေစိုက် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ သံအမတ်ကြီးများဖြင့် ဖွဲ့စည်းထားသည့် အာဆီယံ ကော်မတီ(တိုကျို)၏ (၃၁၄) ကြိမ်မြောက်အစည်းအဝေးအား ဥက္ကဋ္ဌဖြစ်သော ဂျပန်နိုင်ငံဆိုင်ရာ ဘရူနိုင်းသံအမတ်ကြီး H.E. Mr. SHAHBUDIN Haji Musa က ကြီးမှူး၍ တိုကျိုမြို့ရှိ ဘရူနိုင်းသံရုံးတွင် ကျင်းပခဲ့ရာ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိုးဟန်သည် အခြား အာဆီယံအဖွဲ့ဝင် နိုင်ငံများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများနှင့်အတူ ပါဝင်တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင် ဂျပန်နိုင်ငံ၏ ပြည်တွင်းဖြစ်ပေါ်တိုးတက်မှုမျာ း၊ ဒေသတွင်းဖြစ်ပေါ် တိုးတက်မှု အခြေအနေများ၊ အာဆီယံ-ဂျပန် ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု နှစ် (၅၀) ပြည့် အထိမ်းအမှတ်လှုပ်ရှားမှုများ ပြုလုပ်ရန်ကိစ္စရပ်များ၊ အာဆီယံကော်မတီ(တိုကျို)မှ ဦးဆောင်ကျင်းပမည့် လှုပ်ရှားမှုများဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါ သည်။
အစည်းအဝေးသို့ အထူးဧည့်သည်တော်အဖြစ် ဘရူနိုင်းနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး (အငြိမ်းစား) နှင့် လက်ရှိ SOKA University တွင် ဧည့်ပါမောက္ခအဖြစ် ဆောင်ရွက်လျက်ရှိသော Professor Eiji YAMAMOTO က “ဂျပန်နိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများနှင့် ဆက်ဆံရေး” ခေါင်းစဉ်ဖြင့် ပါဝင်တက်ရောက် ဆွေးနွေးခဲ့ပါသည်။
ထို့နောက် အစည်းအဝေးတက်ရောက်ကြသူများအား ဘရူနိုင်းသံအမတ်ကြီးမှ ၎င်း၏နေအိမ်တွင် နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ပြီးနောက် အာဆီယံကော်မတီ(တိုကျို)၏ (၃၁၄) ကြိမ်မြောက် အစည်းအဝေးအား ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။


