၂၀၂၆ ခုနှစ် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သံတမန် ဂေါက်သီး ရိုက်ပြိုင်ပွဲကို ဇန်နဝါရီလ ၅ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ ရေပြာဂေါက်ကွင်း၌ နိုင်ငံခြားရေးဝန်ကြီးဌာနက ကြီးမှူး၍ ကျင်းပခဲ့ရာ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများ၊ ရန်ကုန်မြို့အခြေစိုက် ပြည်ပသံရုံးများမှ သံတမန်များ၊ ပြိုင်ပွဲဝင် အားကစားသမားများနှင့် အထူးဖိတ်ကြားထားသည့် ဧည့်သည်တော်များ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
ဆက်လက်၍ ၂၀၂၆ ခုနှစ် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သံတမန် ဂေါက်သီးရိုက်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို နေ့လည်ပိုင်း၌ဆက်လက်ကျင်းပခဲ့ပြီး ပါဝင်ဆင်နွဲခဲ့ကြသည့် ပြိုင်ပွဲဝင် ဂေါက်သီးရိုက်အားကစားသမားများ၊ သံတမန်များ၊ အထူး ဖိတ်ကြားထားသည့် ဧည့်သည်တော်များအား နေ့လည်စာဖြင့် တည်ခင်းဧည့်ခံခဲ့သည်။




