၂၀၂၆ ခုနှစ် နေပြည်တော်လမ်းလျှောက်သင်္ကြန်ပွဲတော်တွင် နိုင်ငံခြားရေးဝန်ကြီးဌာနက ပါဝင်ဆင်နွှဲ (အကြိုနေ့)

၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၃ ရက်

နေပြည်တော်ရင်ပြင်တွင် စည်းကားသိုက်မြိုက်စွာ ကျင်းပနေသည့် ၂၀၂၆ ခုနှစ် နေပြည်တော်လမ်းလျှောက်သင်္ကြန်ပွဲတော်တွင် နိုင်ငံခြားရေးဝန်ကြီးဌာနက အတာသင်္ကြန်မဏ္ဍပ်ဖြင့် ပါဝင်ဆင်နွှဲလျက်ရှိပါသည်။ လမ်းလျှောက်သင်္ကြန်တွင် နိုင်ငံခြားရေးဝန်ကြီးဌာနမဏ္ဍပ်၌ ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေနှင့် ဇနီး၊ ဒုတိယဝန်ကြီး ဦးနိုင်မင်းကျော် နှင့် ဇနီး၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ထမ်းများ ပါဝင်ဆင်နွှဲကြပြီး ဦးစီးဌာနအသီးသီးမှ အတာသင်္ကြန် ယိမ်းအကအဖွဲ့များ၏ ကပြဖျော်ဖြေမှု အစီအစဉ်များနှင့်အတူ ပြည်သူများ ပျော်ရွှင်ချမ်းမြေ့စွာ ပါဝင်ဆင်နွှဲလျက်ရှိကြပါသည်။

အတာသင်္ကြန်အကျနေ့၊ အကြတ်နေ့နှင့် အတက်နေ့တို့တွင်လည်း နိုင်ငံခြားရေးဝန်ကြီးဌာနမိသားစုမှ ယဉ်ကျေးမှုအကအစီအစီစဉ်များဖြင့် ဆက်လက်ပါဝင်ဆင်နွှဲသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

အကြိုနေ့ ပုံရိပ်အချို့