၂၀၂၆ ခုနှစ်၊ ဂျပန်နိုင်ငံ၊ ဟီရိုရှီးမားမြို့ ငြိမ်းချမ်းရေးအောက်မေ့ဖွယ် အခမ်းအနားသို့ မြန်မာသံရုံး တိုကျိုမြို့မှ သံရုံးယာယီတာဝန်ခံ/သံအမတ်ကြီး ပါဝင်တက်ရောက် (၁၀-၈-၂၀၂၆၊ ဟီရိုရှီးမာ)

​(၈၁) နှစ်မြောက် ငြိမ်းချမ်းရေးအောက်မေ့ဖွယ်အခမ်းအနားကို ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၅ ရက်မှ ၆ ရက်အထိ ဂျပန်နိုင်ငံ၊ ဟီရိုရှီးမားမြို့တွင် ကျင်းပခဲ့ရာ ဟီရိုရှီးမားမြို့တော်ဝန်ရုံး၏ ဖိတ်ကြားချက်အရ မြန်မာသံရုံး တိုကျိုမြို့မှ သံရုံးယာယီတာဝန်ခံ/သံအမတ်ကြီး ဦးကျော်ထွန်း တက်ရောက်ခဲ့ပါသည်။
​မြန်မာသံအမတ်ကြီးသည် ၅-၈-၂၀၂၆ ရက်၊ နေ့လယ်ပိုင်းတွင် ဟီရိုရှီးမားမြို့သို့ ရောက်ရှိခဲ့ပြီး ငြိမ်းချမ်ရေးအောက်မေ့ဖွယ် အထိမ်းအမှတ်ပန်းခြံ၌ ကျင်းပသည့် အဏုမြူဗုံးဒဏ်ကြောင့် သေဆုံးခဲ့ရသူများအား ရည်စူးကာ ဝမ်းနည်းခြင်းအထိမ်းအမှတ် ပန်းစည်းချသည့် အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။ ဆက်လက်၍ ဟီရိုရှီးမားငြိမ်းချမ်းရေး အထိမ်းအမှတ်ပြတိုက်သို့ လေ့လာရေးခရီး သွားရောက်ခဲ့ပြီး ညနေပိုင်းတွင် ဟီရိုရှီးမားမြို့ Rihga Royal Hotel ၌ ကျင်းပခဲ့သည့် ဟီရိုရှီးမားမြို့တော်ဝန်မှ နိုင်ငံခြားသံတမန်များအား တည်ခင်းသည့် ညစာစားပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။
​ထို့နောက် ၆-၈-၂၀၂၆ ရက်၊ နံနက်ပိုင်းတွင် ဟီရိုရှီးမားမြို့၊ ငြိမ်းချမ်းရေးအထိမ်းအမှတ်ပန်းခြံ၌ ကျင်းပသည့် (၈၁) နှစ်မြောက် ငြိမ်းချမ်းရေးအထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။ အဆိုပါအခမ်အနားသို့ ဂျပန်နိုင်ငံဝန်ကြီးချုပ် Ms. Sanae Takaichi၊ ဟီရိုရှီးမားခရိုင် အုပ်ချုပ်ရေးမှူး Ms. Mika Yokota၊ ဟီရိုရှီးမားမြို့တော်ဝန် Ms. Matsui Kazumi နှင့် ဟီရိုရှီးမားမြို့တော်ကောင်စီဥက္ကဋ္ဌ Mr. Norihiko Hachijo တို့မှ တက်ရောက်အမှာစကားပြောကြားခဲ့ပြီး ဟီရိုရှီးမားပြည်သူများ၏ ကိုယ်စားလှယ်များ၊ အဏုမြူဗုံးဒဏ်ကြောင့် သေဆုံးခဲ့ရသူများ၏ မိသားစုဝင်များ၊ ဂျပန်နိုင်ငံရှိ နိုင်ငံခြားသံရုံးများနှင့် အဖွဲ့ရုံးများမှ သံအမတ်ကြီးများနှင့် သံရုံးကိုယ်စားလှယ်များ တက်ရောက်ခဲ့ပါသည်။ ညနေပိုင်းတွင် မြန်မာသံအမတ်ကြီးသည် အဏုမြူဗုံးဒဏ်ကြောင့် သေဆုံးခဲ့ရသူများ၏ ဝိညာဉ်များ အေးချမ်းစေရန်နှင့် ရေရှည်တည်တံ့သော ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ရည်ရွယ်ဆုတောင်း၍ ဟီရိုရှီးမားမြို့ Motoyasu မြစ်အတွင်းသို့ မီးပုံးများမျှောခြင်း အခမ်းအနားသို့ ပါဝင်တက်ရောက်ခဲ့ပါသည်။