ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအတွက် ပြည်ပရောက် မြန်မာနိုင်ငံသားများ ကြိုတင်ဆန္ဒမဲပေးနိုင်ရန် မဲရုံကို မြန်မာ ကောင်စစ်ဝန်ချုပ်ရုံး၊ ဟောင်ကောင်မြို့၌ ၆-၁၂-၂၀၂၅ ရက် နှင့် ၇-၁၂-၂၀၂၅ ရက်တို့တွင် (၀၉၃၀)နာရီမှ (၁၇၀၀)နာရီအထိ ဖွင့်လှစ်ခဲ့ပြီး၊ ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသနှင့် မကာအိုအထူးအုပ်ချုပ်ရေးဒေသတို့တွင် ရောက်ရှိနေသော မြန်မာနိုင်ငံသား မဲဆန္ဒရှင်များမှ စနစ်တကျ ကြိုတင်ဆန္ဒမဲပေးခဲ့ကြပါသည်။
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲပေးရန် မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ဟောင်ကောင်မြို့၌ မဲရုံဖွင့်လှစ်(၇-၁၂-၂၀၂၅ရက်၊ဟောင်ကောင်)

