၂၀၂၅ ခုနှစ်၊ အာဆီယံဈေးရောင်းပွဲတော်တွင် မြန်မာသံရုံး၊ ဖနောင်ပင်မြို့က ပါဝင်ဆင်နွှဲ

(၁၃-၉-၂၀၂၅ ရက်၊ ဖနောင်ပင်မြို့)

မြန်မာသံရုံး၊ ဖနောင်ပင်မြို့မှ သံအမတ်ကြီးနှင့်သံရုံးဝန်ထမ်းမိသားစုများ၊ မြန်မာစစ်သံ(ကြည်း ၊ရေ၊ လေ)ရုံး၊ ဖနောင်ပင်မြို့မှ စစ်သံမှူးနှင့်စစ်သံရုံးဝန်ထမ်းမိသားစုများသည် ၁၃-၉-၂၀၂၅ ရက်(စနေနေ့) တွင် ဖနောင်ပင်မြို့အခြေစိုက် အာဆီယံသံရုံးများနှင့်ပူးပေါင်း၍ မလေးရှားသံရုံး၌ကျင်းပသည့် ၂၀၂၅ အာဆီယံဈေးရောင်းပွဲတော်တွင် ပါဝင်ဆင်နွှဲခဲ့ပါသည်။

အဆိုပါဈေးရောင်းပွဲတော်ကို ကမ္ဘောဒီးယားနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ဝန်ကြီး H.E. Mr. Prak Sokhonn က အထူးဧည့်သည်တော်အဖြစ် တက်ရောက်၍ အဖွင့်မိန့်ခွန်းပြောကြားဖွင့်လှစ်ပေးခဲ့ပါသည်။ ထို့နောက် အာဆီယံ သံရုံးများက သက်ဆိုင်ရာနိုင်ငံအလိုက် ရိုးရာသီချင်းများဖြင့် ကပြဖျော်ဖြေခဲ့ကြပြီး မြန်မာသံရုံးမှ ထာဝရမြန်မာ သီချင်းဖြင့် ကပြဖျော်ဖြေခဲ့ပါသည်။

ထို့နောက် အာဆီယံဈေးရောင်းပွဲတော်ကို နံနက် (၀၉၃၀)အချိန်မှ ညနေ (၁၆၀၀)အချိန်ထိ ကျင်းပခဲ့ရာ မြန်မာသံရုံးမှ မုန့်ဟင်းခါး၊ ငှက်ပျောသီးစနွင်းမကင်း၊ မြန်မာ့ရိုးရာယဉ်ကျေးမှု လက်မှု ပစ္စည်းများ၊ မြန်မာလ္ဘက်ရည်နှင့် မြန်မာ့ကျောက်စိမ်းရတနာများကို ခင်းကျင်းပြသ ရောင်းချခဲ့ပါ သည်။