(၁၂-၇-၂၀၂၅)
၂၀၂၅ ခုနှစ်၊ မိုးရာသီကာလ ငါးသားပေါက်များ မျိုးစိုက်ထည့်ပွဲ အခမ်းအနားကို ၁၂-၇-၂၀၂၅ ရက် (စနေနေ့) ၁၆၀၀ နာရီ အချိန်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၉)ရှိ လျှိုပိတ်ဆည်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားကို နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့် စီမံရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်နိုင်ဦးက ဦးဆောင်၍ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း၊ အမှုထမ်း များက (၂) လက်မအရွယ် ငါးမြစ်ချင်းနှင့် ငါးကြင်းသားပေါက် ကောင်ရေ (၂၀၀၀) အား နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ရုံးအမှတ်(၉)ရှိ လျှိုပိတ်ဆည်အတွင်းသို့ ငါးမျိုးစိုက်ထည့်ခဲ့ကြပါသည်။

