(၈-၁၂-၂၀၂၅ ရက်၊ ကင်ဘာရာ)
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအတွက် ပြည်ပရောက် မြန်မာနိုင်ငံသားများ ကြိုတင်ဆန္ဒမဲပေးနိုင်ရန် ကင်ဘာရာ မြို့ရှိ မြန်မာသံရုံး၌ ၅-၁၂-၂၀၂၅ ရက် (သောကြာနေ့) နှင့် ၇-၁၂-၂၀၂၅ ရက် (တနင်္ဂနွေနေ့) တို့တွင် နံနက် (၁၀:၀၀) နာရီမှ ညနေ (၅:၀၀) နာရီအထိ မဲရုံဖွင့်လှစ်ခဲ့ရာ ဩစတြေးလျနိုင်ငံတွင် ရောက်ရှိ နေသည့် မြန်မာနိုင်ငံသားများ၊ မြန်မာသံရုံးမှ သံရုံးဝန်ထမ်းများနှင့် မိသားစုဝင်များက ကြိုတင် ဆန္ဒမဲများ ပေးခဲ့ကြပါသည်။
******************


