(၂-၂-၂၀၂၆ ရက်၊ ကူမင်း)
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့အခြေစိုက် မြန်မာ ကောင်စစ်ဝန်ချုပ် ဦးသွင်ထက်လင်းသည် ကူမင်းမြို့ ပြည်သူ့ခန်းမ၌ ၂-၂-၂၀၂၆ ရက်တွင် ကျင်းပသည့် ကူမင်းမြို့(၁၅) ကြိမ်မြောက် ကူမင်းမြူနီစပယ်ဆိုင်ရာ ပြည်သူ့ညီလာခံ၏ သတ္တမအကြိမ်မြောက် အစည်းအဝေး၏ ပထမနေ့ ဖွင့်ပွဲအခမ်းအနားသို့ ပါဝင်တက်ရောက်ခဲ့ပါသည်။
အခမ်းအနားတွင် ကူမင်းမြို့တော်ဝန် မစ္စတာ ရန်ချန်ရှင်းက ကူမင်းမြူနီစပယ် အစိုးရကိုယ်စား ကူမင်းမြို့ မြူနီစပယ်အစိုးရ၏ ၂၀၂၅ ခုနှစ်တွင် ဆောင်ရွက်ခဲ့သည့် လုပ်ငန်းအစီရင်ခံစာနှင့် ၂၀၂၆ ခုနှစ်တွင် ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများကို ဖတ်ကြားရှင်းလင်းခဲ့ပါသည်။
အဆိုပါအစည်းအဝေးသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဗဟိုအစိုးရ၊ ယူနန်ပြည်နယ် ပြည်သူ့အစိုးရ၊ နိုင်ငံရေးအတိုင်ပင်ခံညီလာခံကိုယ်စားလှယ်များ၊ ပါတီကော်မတီမှ ခေါင်းဆောင်များ၊ ကူမင်းမြူနီစပယ်ဆိုင်ရာ ပြည်သူ့ညီလာခံကိုယ်စားလှယ်များ၊ ကူမင်းမြို့ အခြေစိုက် ကောင်စစ်ဝန်ချုပ်ရုံးများမှ ကောင်စစ်ဝန်ချုပ်များ၊ သံတမန်များ၊ ပြည်ပပညာရှင်များ၊ ပြည်ပရောက် တရုတ်နိုင်ငံသားများအသိုက်အဝန်းမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ ကြပါသည်။ (၁၅) ကြိမ်မြောက် ကူမင်းမြူနီစပယ်ဆိုင်ရာ ပြည်သူ့ညီလာခံ၏ သတ္တမအကြိမ် အစည်းအဝေးကို ၂-၂-၂၀၂၆ ရက်မှ ၄-၂-၂၀၂၆ ရက်အထိ ကူမင်းမြို့ ပြည်သူ့ခန်းမတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

