(၁၃) ကြိမ်မြောက် အာဆီယံမသန်စွမ်း အားကစား ပြိုင်ပွဲဝင် ဆုရအားကစားသမားများသို့ ကမ္ဘောဇဘဏ် နာယက ဦးအောင်ကိုဝင်းမှပေးအပ်သည့် ဆုချီးမြှင့်ငွေများကို ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက လွှဲပြောင်းပေးအပ်

(၂၇-၁-၂၀၂၆ ရက်၊ ဗန်ကောက်)

ထိုင်းနိုင်ငံမှ အိမ်ရှင်နိုင်ငံအဖြစ် ဗန်ကောက်မြို့နှင့် နာခွန်ရစ်ချာဆီးမား(ခိုရတ်)မြို့များ၌ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့မှ ၂၆ ရက်နေ့အထိ ကျင်းပခဲ့သည့် (၁၃)ကြိမ်မြောက် အာဆီယံ မသန်စွမ်းအားကစားပြိုင်များတွင် အားကစားနည်းအလိုက် ဆုတံဆိပ်အသီးသီးရရှိခဲ့ ကြသော မြန်မာအားကစားသမားများအား ဂုဏ်ပြုသည့်အနေဖြင့် ကမ္ဘောဇဘဏ် နာယက ဦးအောင်ကိုဝင်းနှင့် ကမ္ဘောဇဘဏ်ဝန်ထမ်းမိသားစုများမှ ရွှေတံဆိပ်ဆုတစ်ခုစီအတွက် ( တစ်ဦး ချင်း/ အသင်းလိုက်) ထိုင်းဘတ် ၁ သိန်း၊ ငွေတံဆိပ်ဆု တစ်ခုစီအတွက် ( တစ်ဦးချင်း/ အသင်း လိုက် ) ထိုင်းဘတ် ၅ သောင်းနှင့် ကြေးတံဆိပ်ဆု တစ်ဆုစီအတွက် (တစ်ဦးချင်း/ အသင်းလိုက်) ထိုင်းဘတ် ၃ သောင်းဖြင့် ဆုများအသီးသီးချီးမြှင့်ခဲ့ရာ စုစုပေါင်း ရွှေတံဆိပ် ၂၀ ဆု ၊ ငွေတံဆိပ် ၁၉ ဆုနှင့် ကြေးတံဆိပ် ၂၀ ဆုတို့အတွက် ချီးမြှင့်ငွေစုစုပေါင်း ထိုင်းဘတ် ၃၅ သိန်း ၅ သောင်းကို ၂၇-၁-၂၀၂၆ ရက်နေ့တွင် ဗန်ကောက်မြို့၊ ဒွန်မောင်းလေဆိပ်၌ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ် ကြီး ဦးဇော်ဇော်စိုးမှ ဆုရရှိသူများထံသို့ ကိုယ်စားပေးအပ်ချီးမြှင့်ခဲ့ပါသည်။

ထို့အတူ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလက ထိုင်းနိုင်ငံ၌ ကျင်းပပြီးစီးခဲ့သည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲများတွင် မြန်မာနိုင်ငံကိုယ်စားပြု ရရှိခဲ့သည့် ရွှေတံဆိပ်ဆု တစ်ခုအတွက် ထိုင်းဘတ် ၃ သိန်းစီဖြင့်၊ ထိုင်းဘတ် ၉ သိန်း ဆုချီးမြှင့်ခဲ့ပြီးဖြစ်ပါသဖြင့် ကမ္ဘောဇဘဏ် နာယက ဦးအောင်ကိုဝင်းနှင့် ကမ္ဘောဇဘဏ်ဝန်ထမ်းမိသားစုများမှ မြန်မာနိုင်ငံ ကိုယ်စားပြု ဆုရမြန်မာအားကစားသမားအတွက် ချီးမြှင့်ဂုဏ်ပြုငွေ စုစုပေါင်း ထိုင်းဘတ် ၄၄.၅ သိန်း ပေးအပ်ခဲ့ပြီးဖြစ်ပါကြောင်း သိရှိရပါသည်။