(၁၄-၆-၂၀၂၅ ရက်၊ နယူးဒေလီ)
အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဦးသည် ဖိလစ်ပိုင်နိုင်ငံသံအမတ်ကြီး၏ ဖိတ်ကြား ချက်အရ ၁၃-၆-၂၀၂၅ ရက်နေ့၊ ၁၉၀၀နာရီတွင် Imperial Hotel ၌ကျင်းပသော (၁၂၇)ကြိမ်မြောက် ဖိလစ်ပိုင်နိုင်ငံ လွတ်လပ်ရေးကြေငြာခဲ့သည့် အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။
အဆိုပါ အခမ်းအနားသို့ နယူးဒေလီမြို့အခြေစိုက် အာဆီယံနိုင်ငံများမှ သံအမတ်ကြီးများနှင့် နိုင်ငံ တကာသံရုံးများမှ သံရုံးအကြီးအကဲများနှင့် သံတမန်များ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
******************

