(၁၂-၉-၂၀၂၅)
ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးအနေဖြင့် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်မှ ၁၁ ရက်အထိ Hong Kong Convention and Exhibition Centre တွင် ကျင်းပသည့် (၁၀) ကြိမ်မြောက် ရပ်ဝန်းနှင့်ပိုးလမ်းမ ထိပ်သီးအစည်းအဝေး၏ အစိတ်အပိုင်းတစ်ခု ဖြစ်သော ကမ္ဘာလုံးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုဇုန်တွင် ပါဝင်ပြသခဲ့ပါသည်။ ပြပွဲတွင် မြန်မာနိုင်ငံ၏ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကို ပြည့်ပြည့်စုံစုံဆွေးနွေးရှင်းပြခဲ့ပြီး ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးဆိုင်ရာ စာရွက်စာတမ်းများကိုလည်း ပြခန်းသို့ လာရောက်လေ့လာသူများအား ဖြန့်ဝေပေးခဲ့ပါသည်။
ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသတွင် နှစ်စဉ်ကျင်းပသော ရပ်ဝန်းနှင့် ပိုးလမ်းမ ထိပ်သီးအစည်းအဝေးသည် ရပ်ဝန်းနှင့် ပိုးလမ်းမ စီမံကိန်းကို မြှင့်တင်ရန်အတွက် အရေးပါသည့် အခမ်းအနားတစ်ခုဖြစ်ပါသည်။ (၁၀) ကြိမ်မြောက် ရပ်ဝန်းနှင့် ပိုးလမ်းမ ထိပ်သီးအစည်းအဝေးသို့ ရပ်ဝန်းနှင့် ပိုးလမ်းမ စီမံကိန်းတစ်လျှောက်ရှိ ဒေသနှင့် နိုင်ငံ ၉၀ ကျော်မှ အဆင့်မြင့်အရာရှိများနှင့် စီးပွားရေးခေါင်းဆောင်များ တက်ရောက်ခဲ့ကြပါသည်။


