(၁၈-၂-၂၀၂၃ ရက်၊ ကင်ဘာရာ)
မြန်မာသံရုံး၊ ကင်ဘာရာမြို့၊ သံရုံးယာယီတာဝန်ခံ ဦးသက်ထွန်း နှင့် သံရုံးဝန်ထမ်းများသည် ၁၈-၂-၂၀၂၃ ရက်နေ့တွင် ကျင်းပသော (၂၅) ကြိမ်မြောက် 2023 National Multicultural Festival သို့ ကင်ဘာရာမြို့အခြေစိုက် အာဆီယံသံရုံးများအတူ ပါဝင်ဆင်နွှဲခဲ့ပါသည်။
(၂၅) ကြိမ်မြောက် 2023 National Multicultural Festival တွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများအလို က် ခင်းကျင်းပြသသည့် Ainslie Place သို့ Australia Capital Territory ပြည်နယ်ဝန်ကြီးချုပ် Mr. Andrew Barr ၊ ဩစတြေးလျနိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန၊ အရှေ့တောင်အာရှဒေသ ဆိုင်ရာ Deputy Secretary (လက်ထောက်နိုင်ငံခြားရေး ဝန်ကြီးအဆင့်) Michelle Chan နှင့် ဩစတြေးလျနိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။
အခမ်းအနားတွင် မြန်မာသံရုံးမှ မြန်မာ့လက်မှု ရွှေချည်ငွေချည်ထိုး ပန်းချီကားများ၊ စောင်း၊ ယွန်းအုပ်နှင့် ယွန်းထည်ပစ္စည်းများ၊ မြန်မာ့တွင်းထွက်ကျောက်မျက်များ ဖြင့် စီခြယ်ပြုလုပ်ထားသည့် ကျောက်စီပန်းချီကားများ၊ ပုသိမ်ထီး၊ ရုပ်သေးရုပ်များနှင့် လက်မှုအသုံးဆောင်ပစ္စည်းများကို ခင်းကျင်း ပြသခဲ့ပြီး ဧည့်ပရိသတ်များအား အုန်းနို့ကျောက်ကျောဖြင့် ဧည့်ခံခြင်း၊ မြန်မာ့ရိုးရာ သနပ်ခါးဖြင့် မိတ်ဆက်ခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။






