ဦးဇော်ဇော်စိုးအား ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ်ခန့်အပ် (၂၅-၃-၂၀၂၅ ရက်)

(၂၅-၃-၂၀၂၅ ရက်၊ နေပြည်တော်)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် နိုင်ငံခြားရေးဝန်ကြီးဌာနမှ သံအမတ်ကြီး ဦးဇော်ဇော်စိုးအား ထိုင်းနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီးအဖြစ် ခန့်အပ်လိုက်ပြီးဖြစ်သည်။