(၂၃-၆-၂၀၂၅ ရက်၊ အဒစ်အဘာဘာ)
အီသီယိုပီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်မင်းဦးသည် အီသီယိုပီးယားနိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့အလယ်ပိုင်း၊ အာရှနှင့် ပစိဖိတ်နိုင်ငံများရေးရာဌာန ညွှန်ကြားရေးမှူးချုပ် Ambassador Mr. Negus Kebede Kassaw အား ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၃ ရက် (၁၅:၀၀) နာရီအချိန်တွင် အဒစ်အဘာဘာမြို့၊ နိုင်ငံခြားရေးဝန်ကြီးဌာနသို့ သွားရောက် တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံအကြားရှိ ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေး ပိုမိုခိုင်မာစေရေး၊ ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရေးကိစ္စရပ်များနှင့် မြန်မာနိုင်ငံတွင် နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုကိစ္စရပ်များ၊ အထွေထွေရွေးကောက်ပွဲကြီး ကျင်းပရန် ပြင်ဆင်နေမှုများနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ခဲ့ကြကြောင်း သိရှိရပါသည်။


