အီသီယိုပီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ကိုရီးယားသမ္မတနိုင်ငံ အမျိုးသားနေ့ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက် (၃-၁၀-၂၀၂၅ ရက်)

(၃-၁၀-၂၀၂၅ ရက်၊ အဒစ်အဘာဘာ)

အီသီယိုပီးယား ဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်မင်းဦးသည် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၂) ရက်နေ့ (၁၈:၀၀) နာရီအချိန်တွင် အဒစ်အဘာဘာမြို့ Sheraton Addis Hotel ၌ ကျင်းပခဲ့သည့် ကိုရီးယားသမ္မတနိုင်ငံ၏ အမျိုးသားနေ့ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ အီသီယိုပီးယားနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိကြီးများ၊ အဒစ်အဘာဘာမြို့အခြေစိုက် သံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများ၊ စစ်သံမှူးများနှင့် အခြားဖိတ်ကြားထားသော ဧည့်သည်တော်များ ပါဝင်တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။