အီသီယိုပီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးမှ OSC အတွင်းရေးမှူးချုပ်၏ နိုင်ငံတကာရေးရာ အထူးကိုယ်စားလှယ်အား လက်ခံတွေ့ဆုံ (၂၉-၈-၂၀၂၅ ရက်)

(၂၉-၈-၂၀၂၅ ရက်၊ အဒစ်အဘာဘာ)

အီသီယိုပီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်မင်းဦးသည် အီသီယိုပီးယားနိုင်ငံရှိ Organization of Southern Cooperation (OSC) အတွင်းရေးမှူးချုပ်၏ နိုင်ငံတကာရေးရာ အထူးကိုယ်စားလှယ် H.E. Mr. Teshome Toga Chanaka (Ambassador) အား ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၉ ရက် (၁၃:၀၀) နာရီအချိန်တွင် အဒစ်အဘာဘာမြို့၊ မြန်မာသံရုံး၌ လက်ခံတွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံစဉ် အထူးကိုယ်စားလှယ်မှ OSC နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး သံအမတ်ကြီးမှ နှစ်ဘက်အကြား ပညာရေးနှင့် နည်းပညာကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့်နယ်ပယ်များကို ဆွေးနွေးမေးမြန်းကာ အမြင်ချင်းဖလှယ်ခဲ့ကြကြောင်း သိရှိရပါသည်။