(၇-၈-၂၀၂၅၊ အဒစ်အဘာဘာ)
အီသီယိုပီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်မင်းဦးသည် အီသီယိုပီးယားနိုင်ငံခြား ရေးဝန်ကြီးဌာန၊ နိုင်ငံရေးနှင့် စီးပွားရေးရာဌာန State Minister, Ambassador Hadera Abera အား ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၇ ရက် (၁၅:၀၀) နာရီအချိန်တွင် အဒစ်အဘာဘာမြို့၊ နိုင်ငံခြားရေး ဝန်ကြီးဌာနသို့ သွားရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံအကြားရှိ ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေး ပိုမိုခိုင်မာစေရေး၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍ အထူးသဖြင့် သတ္တုတူးဖော်ရေး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး ကဏ္ဍတို့တွင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ချဲ့ထွင်နိုင်ရေး၊ သုတေသနအဖွဲ့အစည်းများ အကြား ပူးပေါင်းဆောင်ရွက်ရေးနှင့် နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများအား ပူးပေါင်းတိုက်ဖျက် ရေးတို့ကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါသည်။

