အီသီယိုပီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် တည်ထောင်သည့် (၉၈)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက် (၁၈-၇-၂၀၂၅ ရက်)

(၁၈-၇-၂၀၂၅၊ အဒစ်အဘာဘာ)
 
မြန်မာသံရုံး၊ အဒစ်အဘာဘာမြို့မှ သံအမတ်ကြီး ဦးအောင်မင်းဦးသည် အာဖရိကသမဂ္ဂဆိုင်ရာ တရုတ်ကိုယ်စားလှယ်အဖွဲ့၏ ကာကွယ်ရေးဆိုင်ရာ အကြံပေး Senior Colonel Guo Baojian နှင့် အီသီယိုပီးယားနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံတော်သံရုံး၊ စစ်သံမှူး Senior Colonel Liu Zhaofeng တို့၏ ဖိတ်ကြားချက်အရ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်တွင် အဒစ်အဘာဘာမြို့ Sheraton Hotel ၌ ကျင်းပပြုလုပ်ခဲ့သည့် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် တည်ထောင်သည့် (၉၈)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားသို့ ပါဝင်တက်ရောက်ခဲ့ပါသည်။ 
 
အဆိုပါအခမ်းအနားသို့ အီသီယိုပီးယားနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေးဝန်ကြီးဌာနတို့မှ အဆင့်မြင့် အရာရှိကြီးများ၊ အဒစ်အဘာဘာမြို့အခြေစိုက် သံရုံးများမှ သံအမတ်ကြီး များ၊ စစ်သံမှူးများနှင့် အခြားဖိတ်ကြားထားသော ဧည့်သည်တော်များ ပါဝင်တက်ရောက်ခဲ့ပါသည်။