အီရန်နိုင်ငံ၏ (၄၇)ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားသို့ အိန္ဒိယသမ္မတနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးဇော်ဦး တက်ရောက်

(၉-၂-၂၀၂၆ ရက်၊ နယူးဒေလီ)

အိန္ဒိယသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဦးသည် အိန္ဒိယနိုင်ငံဆိုင်ရာ အီရန်သံအမတ်ကြီး H.E. Dr. Mohammad Fathali ၏ ဖိတ်ကြားချက်အရ ၉-၂-၂၀၂၆ ရက်နေ့၊ ၁၉၀၀ နာရီတွင် နယူးဒေလီမြို့၊ Shangri La Eros Hotel ၌ ကျင်းပသည့် အီရန်အစ္စလာမစ်သမ္မတနိုင်ငံ၏ (၄၇)ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ပါဝင်တက်ရောက်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာန အတွင်းဝန်ဖြစ်သူ H.E. Mr. Sibi George က အထူးဧည့်သည်တော်အဖြစ် တက်ရောက်ခဲ့ပြီး အိန္ဒိယ ပြည်ပရေးရာဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ၊ နယူးဒေလီမြို့အခြေစိုက် နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးအကြီးအကဲများ၊ သံတမန်များ၊ စစ်သံမှူးများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ ပါဝင်တက်ရောက်ခဲ့ပါသည်။