(၁၀-၂-၂၀၂၆ ရက်၊ အဒစ်အဘာဘာ)
အီသီယိုပီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်မင်းဦးသည် အီသီယိုပီးယား နိုင်ငံဆိုင်ရာ အီရန်သံအမတ်ကြီး၏ ဖိတ်ကြားချက်အရ ၁၀-၂-၂၀၂၆ ရက်တွင် အဒစ်အဘာဘာမြို့၊ အီရန်သံရုံး၌ ကျင်းပပြုလုပ်ခဲ့သည့် အီရန်နိုင်ငံ၏ (၄၇)ကြိမ်မြောက် အမျိုးသားနေ့နှင့် အီရန်-အီသီယိုပီးယား သံတမန်ဆက်သွယ်မှု ထူထောင်သည့် (၇၅)နှစ်ပြည့် အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ အီသီယိုပီးယားနိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင်မြင့်အရာရှိ ကြီးများ၊ အာဖရိကသမဂ္ဂမှ အဆင့်မြင့်အရာရှိကြီးများ၊ အဒစ်အဘာဘာမြို့အခြေစိုက် သံအမတ်ကြီးများ၊ သံရုံးအကြီးအကဲများ၊ သံတမန်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။


