အီရတ်နိုင်ငံ၊ ဘဂ္ဂဒတ်မြို့တွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာအမျိုးသမီး (၃)ဦးအား မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်

အီရတ်နိုင်ငံ၊ ဘဂ္ဂဒတ်မြို့တွင် အလုပ်လုပ်ကိုင်စဉ် အခက်အခဲကြုံတွေ့ခဲ့ကြသည့် မြန်မာ နိုင်ငံသား (၃) ဦးတို့သည် MAI လေကြောင်းဖြင့် ၇-၅-၂၀၂၆ ရက်နေ့၊ ည (၀၈၀၅) နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည် ရောက်ရှိခဲ့ကြသည်။
အဆိုပါ မြန်မာနိုင်ငံသားများသည် မြန်မာသံရုံး၊ ကိုင်ရိုမြို့သို့ ဆက်သွယ်၍ အကူအညီ တောင်းခံခဲ့မှုအရ ဘဂ္ဂဒတ်မြို့ရှိ အီရတ်အာဏာပိုင်အဖွဲ့အစည်းများ၊ အီရတ်နိုင်ငံရှိ IOM အဖွဲ့တို့နှင့် လည်းကောင်း၊ ဆက်သွယ်ညှိနှိုင်း၍ ၎င်းတို့၏ အခက်အခဲများမှ ကူညီကယ်ဆယ်ကာ မြန်မာနိုင်ငံ သို့ ဘေးကင်းစွာပြန်နိုင်ရေး ကူညီဆောင်ရွက်ပေးခဲ့ပါသည်။
၎င်းတို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် ပြည်ထဲရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနများမှ သက်ဆိုင်ရာ တာဝန်ရှိသူများက ကြိုဆို ၍ လိုအပ်သည်များ ပံ့ပိုးဆောင်ရွက်ပေးခဲ့ကြပါသည်။