အီရတ်နိုင်ငံ၊ ဘဂ္ဂဒက်မြို့တွင် အလုပ်လုပ်ကိုင်စဉ် အခက်အခဲကြုံတွေ့နေရသည့် မြန်မာ နိုင်ငံသား (၃) ဦးတို့သည် MAI လေကြောင်း ဖြင့် ၂၉-၄-၂၀၂၆ ရက်နေ့၊ နံနက် (၀၃၁၀)နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည် ရောက်ရှိခဲ့ကြသည်။
အဆိုပါမြန်မာနိုင်ငံသားများသည် မြန်မာသံရုံး၊ ကိုင်ရိုမြို့သို့ ဆက်သွယ်၍ အကူအညီ တောင်းခံခဲ့မှုအရ ကိုင်ရိုမြို့ရှိ အီရတ်သံရုံးနှင့်လည်းကောင်း၊ ၎င်းတို့ အလုပ်လုပ်ကိုင် နေသော အေးဂျင့်ကုမ္ပဏီနှင့်လည်းကောင်း ဆက်သွယ်ညှိနှိုင်း၍ ၎င်းတို့၏ အခက်အခဲများမှ ကူညီ ကယ်ဆယ်ကာ မြန်မာနိုင်ငံသို့ ဘေးကင်းစွာပြန်နိုင်ရေး ကူညီဆောင်ရွက်ပေးခဲ့ပါသည်။
၎င်းတို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် ပြည်ထဲရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနများမှ သက်ဆိုင်ရာ တာဝန်ရှိသူများက ကြိုဆို၍ လိုအပ်သည်များပံ့ပိုး ဆောင်ရွက်ပေးခဲ့ကြပါသည်။
အီရတ်နိုင်ငံ၊ ဘဂ္ဂဒက်မြို့တွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာအမျိုးသမီး (၃)ဦးအား မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်နိုင်ခဲ့ခြင်း(၂၉-၄-၂၀၂၆၊ ဘဂ္ဂဒက်)

