အီတလီနိုင်ငံတွင် အခက်အခဲဖြစ်ပေါ်နေသော မြန်မာသင်္ဘောသားများကို ပြန်လည်ပို့ဆောင်ပေးခဲ့ခြင်း

(၂၂-၅-၂၀၂၀ ရက်၊ ရောမမြို့)

ကမ္ဘာတစ်ဝန်း၌ COVID-19 ကမ္ဘာ့ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုကြောင့် နိုင်ငံတကာလေကြောင်းလိုင်းများ ပျံသန်းမှု ယာယီရပ်ဆိုင်းထားစဉ် အီတလီနိုင်ငံ၊ Civitavecchia နှင့် Genoa ဆိပ်ကမ်းရှိ MSC Grandiosa နှင့် MSC Splendida ကမ္ဘာလှည့်သင်္ဘောများပေါ်တွင် အခက်အခဲဖြစ်နေသော မြန်မာသင်္ဘောသား (၂၅) ဦးသည် ၂၁-၅-၂၀၂၀ ရက်၊ ဒေသစံတော်ချိန် ၀၉၅၀ နာရီတွင် Alitalia လေကြောင်းအမှတ် AZ 318 ဖြင့် Fiumicino အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာခဲ့ရာ လေဆိပ်၌ အဆင်ပြေချောမွေ့စေရန် အီတလီနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် သံရုံးဝန်ထမ်းများက လေဆိပ်သို့ လိုက်ပါပို့ဆောင်ပေးခဲ့ပါသည်။

အလားတူ မြန်မာသံရုံး၊ ရောမမြို့အနေဖြင့် အီတလီနိုင်ငံတွင် အခက်အခဲဖြစ်ပေါ်နေသော မြန်မာနိုင်ငံသားများကို ပြန်လည်ပို့ဆောင်နိုင်ရန် ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရပါသည်။