အီဂျစ်အာရပ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်သည့် (၇၆)နှစ်မြောက်အခမ်းအနားနှင့် ကိုရီးယားသမ္မတနိုင်ငံ တပ်မတော်နေ့နှင့် ကိုရီးယား-အီဂျစ် သံတမန်ဆက်ဆံရေးထူထောင်မှု နှစ် (၃၀)ပြည့် အခမ်းအနားများသို့ တက်ရောက်

(၂-၁၀-၂၀၂၅၊ ကိုင်ရို)

အီဂျစ်အာရပ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်တင်ရှိန်သည် ၂၉-၉-၂၀၂၅ ရက်နေ့၊ ညနေ ၁၉:၀၀ နာရီတွင် ကိုင်ရိုမြို့ရှိ Four Seasons Hotel ၌ ကျင်းပခဲ့သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်သည့် (၇၆)နှစ်မြောက်အခမ်းအနားအား လည်းကောင်း၊ ၁-၁၀-၂၀၂၅ ရက်နေ့၊ ညနေ ၁၉:၀၀ နာရီတွင် ကိုင်ရိုမြို့ရှိ ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီး နေအိမ်၌ ကျင်းပခဲ့သည့် ကိုရီးယားသမ္မတနိုင်ငံ အမျိုးသားနေ့၊ တပ်မတော်နေ့နှင့် ကိုရီးယား-အီဂျစ် သံတမန် ဆက်ဆံရေးထူထောင်မှု နှစ် (၃၀)ပြည့် အခမ်းအနားသို့လည်းကောင်း တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။