အီဂျစ်နိုင်ငံ၊ စိုက်ပျိုးရေးဝန်ကြီးဌာန၊ နိုင်ငံတကာဆက်ဆံရေးဌာနအကြီးအကဲအား မြန်မာသံအမတ်ကြီး တွေ့ဆုံ(၂၄-၈-၂၀၂၅ ရက်)

(၂၄-၈-၂၀၂၅၊ ကိုင်ရို)

အီဂျစ်အာရပ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်တင်ရှိန်သည် ၂၄-၈-၂၀၂၅ ရက်နေ့ ဒေသစံတော်ချိန် ၁၀၀၀ နာရီတွင် အီဂျစ်နိုင်ငံ၊ စိုက်ပျိုးရေးနှင့် မြေယာပြုပြင်ပြောင်းလဲရေး ဝန်ကြီးဌာန၊ နိုင်ငံတကာဆက်ဆံရေးဌာနနှင့် စိုက်ပျိုးသီးနှံဖျက်ပိုးတားဆီးကာကွယ်ရေးဌာန အကြီးအကဲအား အီဂျစ်စိုက်ပျိုးရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေးသုတေသနဌာန၌ သွားရောက် တွေ့ဆုံ ခဲ့ပါသည်။ ယင်းသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့ အီဂျစ်နိုင်ငံသို့ လာရောက်၍ မြန်မာနှင့်အီဂျစ်နိုင်ငံတို့အကြား စိုက်ပျိုးရေးကဏ္ဍ နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးမည့်ကိစ္စ၊ နှစ်နိုင်ငံ စိုက်ပျိုးရေး ထုတ်ကုန်များ ကုန်သွယ်မှုပြုလုပ်ရန်၊ စိုက်ပျိုးရေးလုပ်ငန်းရှင်များနှင့် စိုက်ပျိုးရေး ပညာရှင်များအကြား Online Forum တစ်ခုကျင်းပရန်နှင့် အီဂျစ်နိုင်ငံက မြန်မာနိုင်ငံမှ သင်တန်းသားများအား စိုက်ပျိုးရေး သင်တန်းများ ပြန်လည်ပေးအပ်နိုင်ရန်စသည့် ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။