(၅-၁၂-၂၀၂၅၊ ကိုင်ရိုမြို့)
ပြည်ပရောက်မြန်မာနိုင်ငံသားများ ၂၀၂၅ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲတွင် ကြိုတင် ဆန္ဒမဲဖြင့် မဲပေးနိုင်ရေးအတွက် မြန်မာသံရုံး၊ ကိုင်ရိုမြို့၌ ၂၉-၁၁-၂၀၂၅ ရက်နေ့မှ ၁-၁၂-၂၀၂၅ ရက်နေ့အထိ မဲရုံဖွင့်လှစ်ခဲ့ရာ အီဂျစ်နိုင်ငံတွင် နေထိုင်အလုပ်လုပ်ကိုင်လျက်ရှိကြသော မြန်မာ နိုင်ငံသားများနှင့် ကျောင်းသား/သူများ လာရောက်၍ ဆန္ဒမဲပေးခဲ့ကြပါသည်။
ထို့ပြင် အီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့ပြင်ပ၌ နေထိုင်အလုပ်လုပ်ကိုင်လျက်ရှိကြသော မြန်မာ နိုင်ငံသားများ မဲပေးခွင့် မဆုံးရှုံးစေရေးအတွက် ရုံးပိတ်ရက်များဖြစ်သော ၅-၁၂-၂၀၂၅ ရက်နေ့နှင့် ၆-၁၂-၂၀၂၅ ရက်နေ့တွင် မဲရုံအား ဆက်လက်ဖွင့်လှစ်ခဲ့ရာ မဲဆန္ဒရှင်များ လာရောက်မဲပေးခဲ့ကြပါသည်။
***************



