အီဂျစ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်တင်ရှိန် အီဂျစ်နိုင်ငံခြားရေးဝန်ကြီးဌာန တည်ထောင်ခြင်းနှစ် ၂၀၀ ပြည့် အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်(၂၅-၆-၂၀၂၆၊ ကိုင်ရို)

အီဂျစ်နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ဘဒ်ရ်အဘ်ဒယ်လာတီ၏ ဖိတ်ကြားချက်အရ အီဂျစ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်တင်ရှိန်သည် ၂၅-၆-၂၀၂၆ ရက်နေ့ ညနေ ၀၆၀၀ နာရီတွင် ကိုင်ရိုအုပ်ချုပ်ရေးမြို့တော်သစ်ရှိ အီဂျစ်နိုင်ငံခြားရေးဝန်ကြီးဌာနတွင် ပြုလုပ်သော အီဂျစ်နိုင်ငံခြားရေးဝန်ကြီးဌာန တည်ထောင်ခြင်း နှစ် ၂၀၀ ပြည့် အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။
အခမ်းအနားသို့ အီဂျစ်နိုင်ငံဝန်ကြီးချုပ် ဒေါက်တာ မိုစတာဖာမက်ဒ်ဘူလီနှင့် အစိုးရအဖွဲ့ဝန်ကြီးများ၊ အစိုးရအဆင့်မြင့်အရာရှိကြီးများ၊ ယခင်ဝန်ကြီးချုပ်များနှင့် ဝန်ကြီးများ၊ လက်ရှိနှင့် ယခင်သံအမတ်ကြီးများ၊ အီဂျစ်နိုင်ငံအခြေစိုက်သံရုံးများမှ သံရုံးအကြီးအကဲများ၊ သံတမန်များနှင့် နိုင်ငံတကာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြ ပါသည်။
အခမ်းအနားတွင် အီဂျစ်ဝန်ကြီးချုပ် ဒေါက်တာ မိုစတာဖာ မက်ဒ်ဘူလီက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ အီဂျစ်နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ဘဒ်ရ်အဘ်ဒယ်လာတီက အီဂျစ်သံတမန်ရေး၏ ဂုဏ်ယူဖွယ်ရာသမိုင်းကြောင်း၊ နှစ် (၂၀၀) အတွင်း ရရှိခဲ့သော အောင်မြင်မှုများနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးကို ဆက်လက်မြှင့်တင်သွားမည့် အီဂျစ်နိုင်ငံ၏ ကတိကဝတ်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။