(၁၆-၈-၂၀၂၅ ရက်၊ နယူးဒေလီမြို့)
အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဦးသည် ၂၀၂၅ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် နယူးဒေလီမြို့၊ Red Fort ၌ ကျင်းပပြလုပ်ခဲ့သည် (၇၉)နှစ်မြောက် အိန္ဒိယသမ္မတနိုင်ငံ၏ လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားနှင့် နိုင်ငံတော်အလံအလေးပြုပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။ ဤအခမ်းအနားတွင် အိန္ဒိယနိုင်ငံဝန်ကြီးချုပ်က မိန့်ခွန်းပြောကြားခဲ့ပါသည်။ ထို့နောက် အိန္ဒိယသမ္မတ ရှရီမာတီ ဒရောပါဒီ မာမူ မှ တည်ခင်းဧည့်ခံသည့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကို ယင်းနေ့ ညနေပိုင်းတွင် သမ္မတအိမ်တော်၌ ကျင်းပခဲ့ရာ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးမှ တက်ရောက်ခဲ့ပါသည်။ ဤအခမ်းအနားသို့ အိန္ဒိယနိုင်ငံဝန်ကြီးချုပ်၊ သမ္မတဟောင်းဖြစ်သူ Ram Nath Kovind တို့ တက်ရောက်ခဲ့ကြပြီး အိန္ဒိယနိုင်ငံအဆင့်မြင့်အရာရှိကြီးများ၊ နယူးဒေလီမြို့အခြေစိုက် နိုင်ငံခြားသံရုံးများမှ သံရုံးအကြီးအကဲများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များလည်း ပါဝင်တက်ရောက်ခဲ့ပါသည်။


