အိန္ဒိယသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဦး တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ ကျင်းပပြုလုပ်သည့် Dragon Boat Festival သို့တက်ရောက် (၁၉-၆-၂၀၂၆၊ နယူးဒေလီ)

အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဦးသည် အိန္ဒိယနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး H.E. Mr. Xu Feihong ၏ ဖိတ်ကြားချက်အရ ၁၉-၆-၂၀၂၆ ရက်၊ ၁၉၀၀ နာရီတွင် နယူးဒေလီမြို့ရှိ Taj Palace Hotel ၌ ကျင်းပသည့် Dragon Boat Festival သို့ ပါဝင်တက်ရောက်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ နယူးဒေလီမြို့ အခြေစိုက် နိုင်ငံအသီးသီးမှ ဖိတ်ကြားထားသည့် သံအမတ်ကြီးများ၊ သံတမန်များနှင့် ဧည့်သည်တော်များ ပါဝင်တက်ရောက်ခဲ့ပါသည်။