(၄-၂-၂၀၂၆ ရက်၊ နယူးဒေလီ)
အိန္ဒိယသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဦးသည် အိန္ဒိယနိုင်ငံဆိုင်ရာ သီရိလင်္ကာသံအမတ်ကြီး H.E. Ms. Mahishini Colonne ၏ ဖိတ်ကြားချက်အရ ၄-၂-၂၀၂၆ ရက်နေ့၊ ၁၈၃၀ နာရီတွင် နယူးဒေလီမြို့၊ သီရိလင်္ကာနိုင်ငံသံရုံး၌ ကျင်းပသည့် သီရိလင်္ကာ ဒီမိုကရက်တစ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၏ (၇၈) ကြိမ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားသို့ ပါဝင်တက်ရောက်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာနနှင့် ပတ်ဝန်းကျင်၊ သစ်တောနှင့် ရာသီဥတုပြောင်းလဲမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးဖြစ်သူ H.E. Mr. Kirti Vardhan Singh က အထူးဧည့်သည်တော်အဖြစ် တက်ရောက်ခဲ့ပြီး အိန္ဒိယ ပြည်ပရေးရာဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ၊ နယူးဒေလီမြို့ အခြေစိုက် နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးအကြီးအကဲများ၊ သံတမန်များ၊ စစ်သံမှူးများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။



