(၃၁-၁၀-၂၀၂၅ ရက်၊ နယူးဒေလီ)
အိန္ဒိယသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဦးသည် အိန္ဒိယနိုင်ငံဆိုင်ရာ တီမောလက်စ်တေဒီမိုကရက်တစ်သမ္မတနိုင်ငံသံအမတ်ကြီး H.E. Mr. Karlito Nunes ၏ ဖိတ်ကြားချက်အရ ၃၁-၁၀-၂၀၂၅ ရက်နေ့၊ ၁၈၃၀ နာရီတွင် နယူးဒေလီမြို့ရှိ Leela Palace Hotel ၌ ကျင်းပသည့် တီမောလက်စ်တေနိုင်ငံအနေဖြင့် (၁၁)နိုင်ငံမြောက် အာဆီယံအဖွဲ့ဝင် နိုင်ငံအဖြစ် ဝင်ရောက်ခြင်း အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားသို့ ပါဝင်တက်ရောက်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဖြစ်သူ H.E. Mr. Shri Pabitra Margherita က အထူးဧည့်သည်တော်အဖြစ် တက်ရောက်ခဲ့ပြီး အိန္ဒိယ ပြည်ပရေးရာဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ၊ နယူးဒေလီမြို့ အခြေစိုက် နိုင်ငံခြား သံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးအကြီးအကဲများ၊ သံတမန်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ ပါဝင်တက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

