(၂၃-၉-၂၀၂၅ ရက်၊ နယူးဒေလီ)
အိန္ဒိယသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဦးသည် အိန္ဒိယနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး H.E. Mr. Xu Feihong ၏ ဖိတ်ကြားချက်အရ ၂၃-၉-၂၀၂၅ ရက်နေ့၊ ၁၈၃၀ နာရီတွင် နယူးဒေလီမြို့၊ ITC Maurya Hotel ၌ ကျင်းပသည့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ ထူထောင်ခြင်း (၇၆)နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားသို့ ပါဝင်တက်ရောက် ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာန အတွင်းဝန်ဖြစ်သူ Shri Arun Kumar Chatterjee က အထူးဧည့်သည်တော်အဖြစ် တက်ရောက်ခဲ့ပြီး အိန္ဒိယပြည်ပရေးရာ ဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ၊ နယူးဒေလီမြို့ အခြေစိုက် နိုင်ငံခြားသံရုံးများမှ သံရုံး အကြီးအကဲများ၊ သံတမန်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ ပါဝင်တက်ရောက်ခဲ့ပါသည်။

