အိန္ဒိယသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဦး အီရန်အစ္စလာမစ်သမ္မတနိုင်ငံ တပ်မတော်နေ့ဧည့်ခံပွဲသို့တက်ရောက် (၂၄-၄-၂၀၂၅ ရက်)

(၂၄-၄-၂၀၂၅ ရက်၊ နယူးဒေလီ)

အိန္ဒိယသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဦးသည် ၂၂-၄-၂၀၂၅ ရက်နေ့၌ နယူးဒေလီမြို့၊ Shangri-La Eros ဟိုတယ်တွင် အီရန်အစ္စလာမစ်သမ္မတနိုင်ငံ သံရုံးနှင့် စစ်သံရုံးတို့မှ ကြီးမှူးကျင်းပသည့် အီရန်အစ္စလာမစ်သမ္မတနိုင်ငံ တပ်မတော်နေ့ ဧည့်ခံပွဲ အခမ်းအနားသို့ ပါဝင်တက်ရောက်ခဲ့ပါသည်။ အဆိုပါဧည့်ခံပွဲသို့ အိန္ဒိယတပ်မတော်မှ အရာရှိကြီးများ၊ နယူးဒေလီမြို့ အခြေစိုက် နိုင်ငံခြားသံရုံးများမှ သံရုံးအကြီးအကဲများ၊ သံတမန်များ၊ စစ်သံမှူးများနှင့် ဖိတ်ကြား ထားသည့် ဧည့်သည်တော်များ ပါဝင်တက်ရောက်ခဲ့ပါသည်။