အိန္ဒိယနိုင်ငံ Global Film Festival Noida တွင် မြန်မာရုပ်ရှင်ဇာတ်ကား ပါဝင်ပြသ(၁၂-၁၂-၂၀၂၂ ရက်)

(၁၂-၁၂-၂၀၂၂ ရက်၊ နယူးဒေလီ)

အိန္ဒိယနိုင်ငံ International chamber of Media & Entertainment Industry (ICMEI) နှင့် နွိုင်ဒါမြို့ရှိ Marwah Studio မှ International Film & Television Club တို့၏ ပူးပေါင်းစီစဉ်မှုဖြင့် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်မှ ၁၀ ရက်အထိ ကျင်းပခဲ့သည့် (၁၅) ကြိမ်မြောက် Global Film Festival Noida တွင် မြန်မာနိုင်ငံမှ ရုပ်ရှင်ဇာတ်ကား ‘ဥပါဒါန်’ ဖြင့် ပါဝင်ပြသခဲ့ပါသည်။

အဆိုပါ ရုပ်ရှင်ပွဲတော်၌ ၉-၁၂-၂၀၂၂ ရက်တွင် မြန်မာရုပ်ရှင်ပြသမှုအတွက် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်မှ တက်ရောက်အမှာစကား ပြောကြား၍ ဖွင့်လှစ်ပေးခဲ့ပါသည်။ Marwah Studio တွင် (၃) ရက်ကြာ ကျင်းပခဲ့သည့် ၎င်းရုပ်ရှင်ပွဲတော်တွင် အိန္ဒိယရုပ်ရှင်ဇာတ်ကားများ၊ နိုင်ငံပေါင်း (၆၇) နိုင်ငံမှ ရုပ်ရှင်ဇာတ်ကားများ၊ မှတ်တမ်းရုပ်ရှင်များကို ပြသခဲ့ပြီး အနုပညာပြခန်းများ၊ ပန်းချီပြပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲနှင့် seminar များ၊ ဆုချီးမြှင့်ပွဲများ တစ်ပြိုင်နက်တည်း ပါဝင်ကျင်းပခဲ့ကြောင်း သိရှိရပါသည်။