အိန္ဒိယနိုင်ငံ၊ Andaman နှင့် Nicobar ၊ Prothrapur ရှိ Open Distress Camp တွင် ထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသား မှန်ကန်ကြောင်း စိစစ်ပြီးသူမြန်မာရေလုပ်သား (၄၁)ဦး အား အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခဲ့ခြင်း (၂၁ – ၈ – ၂၀၂၅ ရက်)

(၂၁ – ၈ – ၂၀၂၅ ရက် ၊ နယူးဒေလီ)

အိန္ဒိယနိုင်ငံ၊ Andaman နှင့် Nicobar ၊ Prothrapur ရှိ Open Distress Camp တွင် ထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသား မှန်ကန်ကြောင်း စိစစ်ပြီးသူ မြန်မာရေလုပ်သား(၄၁)ဦးသည် မြန်မာ-အိန္ဒိယနှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်ဖြင့် ၂၀၂၅ ခုနှစ် ဩဂုတ်လ ၂၁ ရက် ဒေသစံတော်ချိန် နေ့လယ် ၁၁:၃၅ နာရီတွင် အိန္ဒိယနိုင်ငံ၊ Andaman နှင့် Nicobar ရှိ ပို့ဘလဲမြို့၊ Veer Savarkar အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အိန္ဒိယနိုင်ငံ၊ ကော်လ်ကတ္တားမြို့ရှိ Netaji Subash Chandra Bose လေဆိပ်သို့ ထွက်ခွာခဲ့ပြီးသည့်နောက် ဒေသစံတော်ချိန် ညနေ ၁၇:၀၀ နာရီတွင် အိန္ဒိယနိုင်ငံ၊ ကော်လ်ကတ္တားမြို့ရှိ Netaji Subash Chandra Bose လေဆိပ်မှ မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ရှိ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်း(MAI) ဖြင့် ထွက်ခွာသွားခဲ့ပါသည်။ ထိုသို့ ပြန်လည်ပို့ဆောင်နိုင်ရေးအတွက် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ရှိ မြန်မာသံရုံးသည် အိန္ဒိယနိုင်ငံ၊ ပြည်ပရေးရာဝန်ကြီးဌာန(Ministry of External Affairs – MEA)၊ Andaman & Nicobar Islands ရှိ နိုင်ငံခြားသားများ ဒေသဆိုင်ရာမှတ်ပုံတင်ရေးရုံး (Foreign Regional Regulation Office-FRRO) တို့နှင့်လည်းကောင်း၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ကော်လ်ကတ္တားမြို့ နှင့် လည်းကောင်း အနီးကပ် ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး မြန်မာရေလုပ်သားများအား နေရပ်သို့ ပြန်လည်ပို့ ဆောင်နိုင်ရေးအတွက် လိုအပ်သော ခွင့်ပြုမိန့်များတောင်းခံခြင်း၊ ရေလုပ်သား(၄၁)ဦး ခရီးသွားလာရာတွင် လိုအပ်သည့် တစ်ကြိမ်တစ်ခါသုံး မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံ လက်မှတ်များ (C of I) ထုတ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပါကြောင်း သိရှိရပါသည်။