အိန္ဒိယနိုင်ငံ၊ အရှေ့မြောက်ပိုင်းဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနမှ တည်ခင်းဧည့်ခံသည့် အလုပ်သဘောညစာ စားပွဲအခမ်းအနားသို့ မြန်မာသံအမတ်ကြီး တက်ရောက် (၂၅-၅-၂၀၂၃ ရက်)

(၂၅-၅-၂၀၂၃ ရက်၊ နယူးဒေလီ)
 
အိန္ဒိယနိုင်ငံ၊ အရှေ့မြောက်ပိုင်းဒေသဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနမှ Sushma Swaraj Bhawan ၌ ၂၀၂၃ ခုနှစ်၊ မေလ ၂၄ ရက်၊ ညနေပိုင်းတွင် တည်ခင်းဧည့်ခံသည့် အလုပ်သဘော ညစာ စားပွဲအခမ်းအနားသို့ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင် တက်ရောက်ခဲ့ပါသည်။
အဆိုပါ ညစာစားပွဲသို့ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Mr. Som Prakash ၊ ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Mr.Pankaj Chaudhary၊ အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာန၊ ဝန်ကြီး Dr. Rajkumar Ranjan Singh၊ အရှေ့မြောက်ပိုင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး Mr. B.L. Verma နှင့် ဝန်ကြီး Mr.G. Kishan Reddy တို့အပြင် Federation of the Indian Chambers of Commerce and Industry-FICCI မှ ညွှန်ကြားရေးမှူးချုပ် Mr. Arun Chawla တို့နှင့် သံအမတ်ကြီးများ တက်ရောက်ဆွေးနွေးခဲ့ကြပြီး မြန်မာသံအမတ်ကြီးမှ နှစ်နိုင်ငံ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ အရှိန်အဟုန်မြှင့်တင်နိုင်ရေး တို့နှင့်ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။