(၅-၁၂-၂၀၂၅၊ နယူးဒေလီ)
အိန္ဒိယနိုင်ငံတွင် ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသားများအတွက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ၂၀၂၅ ခုနှစ်၊ ပါတီစုံအထွေထွေရွေးကောက်ပွဲ၊ ကြိုတင်ဆန္ဒမဲပေးခြင်း ပထမ နေ့ကို နယူးဒေလီမြို့ရှိ မြန်မာသံရုံးတွင် ၄-၁၂-၂၀၂၅ ရက်(ကြာသပတေးနေ့) နံနက် ၀၉: ၃၀ မှ ၁၆:၃၀ အချိန်အထိ ကျင်းပပြုလုပ်ခဲ့ရာ အိန္ဒိယနိုင်ငံရောက် မဲဆန္ဒရှင်ပြည်သူများ လာရောက် ဆန္ဒမဲပေးခဲ့ကြပါသည်။
အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဦးက မဲရုံမှူးအဖြစ် ကြီးကြပ်ဆောင်ရွက် ခဲ့ပြီး သံရုံးဝန်ထမ်းများမှ မဲဆန္ဒရှင်ပြည်သူများ၏ ဆန္ဒမဲလက်မှတ်များကို စိစစ်ထုတ်ပေးခြင်း၊ မဲပေးခြင်းလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ကြိုတင်မဲဆန္ဒပေးခြင်းအား ၄-၁၂-၂၀၂၅ ရက်မှ ၆-၁၂-၂၀၂၅ ရက်အထိ (၃)ရက်တိုင် နယူးဒေလီမြို့ရှိ မြန်မာသံရုံးတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
********************



