အိန္ဒိယနိုင်ငံမှ လူသားချင်းစာနာထောက်ထားမှုခေါင်းဆောင်နှင့် ငြိမ်းချမ်းရေးသံတမန် Gurudev Sri Sri Ravi Shankar အား မြန်မာသံအမတ်ကြီး ဦးဇော်ဦး သွားရောက်တွေ့ဆုံ

(၁၄-၉-၂၀၂၅ ရက်၊ နယူးဒေလီ)

အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဦးသည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်၊ နေ့လယ်ပိုင်းတွင် နယူးဒေလီမြို့ရှိ The Art of Living Temple of Knowledge သို့ ခေတ္တရောက်ရှိနေသော လူသားချင်းစာနာထောက်ထားမှုခေါင်းဆောင်နှင့် ငြိမ်းချမ်းရေးသံတမန် Gurudev Sri Sri Ravi Shankar အား သွားရောက်တွေ့ဆုံခဲ့ပါသည်။

တွေ့ဆုံစဉ် သံအမတ်ကြီးက ယခုနှစ်ဖေဖော်ဝါရီလတွင် မြန်မာနိုင်ငံသို့ သွားရောက်၍ ငြိမ်းချမ်းရေးနှင့် သာယာဝပြောရေးအတွက် ကူညီဆောင်ရွက်ပေးမှုများအတွက် ကျေးဇူးတင်ရှိပါကြောင်းနှင့် ရှေ့ဆက်ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများကိုဆွေးနွေးခဲ့ပါသည်။