အိန္ဒိယနိုင်ငံတွင် အကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်များကျခံပြီးနောက် ပြန်လည်လွတ်မြောက်ပြီး မဏိပူရ်ပြည်နယ်ရှိ နိုင်ငံခြားသားများ ထိန်းသိမ်းရေးအကျဉ်းထောင် (Foreigners Detention Centre) တွင် ထိန်းသိမ်းထားရှိသည့် မြန်မာနိုင်ငံသားမှန်ကန်ကြောင်း စိစစ်ပြီးသူအမျိုးသား (၃) ဦးအား နေရပ်သို့ ပြန်လည်ပို့ဆောင် (၁၀-၅-၂၀၂၅ ရက်)

(၁၀-၅-၂၀၂၅ ရက် ၊ နယူးဒေလီ)

အိန္ဒိယနိုင်ငံတွင် အကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်များကျခံပြီး၍ ပြန်လည်လွတ်မြောက်ပြီး၊ မဏိပူရ်ပြည်နယ်ရှိ နိုင်ငံခြားသားများထိန်းသိမ်းရေးအကျဉ်းထောင်(Foreigners Detention Centre) တွင် ထိန်းသိမ်းထားရှိသည့် မြန်မာနိုင်ငံသားမှန်ကန်ကြောင်းစိစစ်ပြီးသူ အမျိုးသား(၃)ဦးသည် ၂၀၂၅ ခုနှစ် မေလ ၇ ရက်နေ့ မြန်မာစံတော်ချိန် နေ့လယ် ၁၃:၀၀ နာရီတွင် တမူးမြို့၊ အပြည်ပြည်ဆိုင်ရာနယ်စပ် ဝင်/ထွက် ဂိတ်မှတစ်ဆင့် မြန်မာ-အိန္ဒိယနှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်ဖြင့် နေရပ်အသီးသီးသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ပါသည်။ ထိုသို့ ပြန်လည်ပို့ဆောင်နိုင်ရေးအတွက် မြန်မာသံရုံးက အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာန(Ministry of External Affairs-MEA) မှတစ်ဆင့် မဏိပူရ်ပြည်နယ်ရှိ သက်ဆိုင်ရာအဖွဲ့ အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။